ဗိုင်းရပ်စ် ရေးသားခြင်း

ကမ်ရမ် မီယာ ဟာဇာ ( ဟာဇရစ္စတန်/နော်ဝေ)

(၁)

အာဖဂန်မြို့တော် ကဘူးလ် က

တစ်လ ခုနှစ်ထောင်နဲ့ငှါးထားတဲ့အိမ်တစ်လုံး

အမှောင်ချထားပြီး၊ကွန်ပျူတာလည်းမရှိဘဲ

လျှပ်စီး ဝင်္ကပါနဲ့ ဗိုင်းရပ်စ်ရေးသားတယ်ဆိုရင်

ဒါ ဘယ်လိုရူးကြောင်ကြောင်ကဗျာလဲ။

ခင်ဗျားကိုခင်ဗျားမေးကြည့်

ကဗျာဆိုတာ လျှပ်စစ်စင်္ကြန်မှာလှည့်လည်သွား

လာနေပြီး သူတို့ရဲ့ဖြစ်တည်မှုကနေဖြတ်တော

က်

တခြားရွေးချယ်စရာမရှိ

ကဗျာတစ်ပုဒ်ဖြစ်ဖို့ပစ်ချခံလိုက်ရတဲ့

တူညီတဲ့အထီးကျန်စကားလုံးတွေလား။

စိတ်ကူးစိတ်သန်းတွေ လမ်းတွေကိုဖြတ်

လမ်းတွေပေါ် လျှောက်သွားနေတာ

ခင်ဗျားစောင့်ကြည့်နေမယ်

အခြားစကားလုံးတစ်လုံးရဲ့လည်ပတ်ကြိုးကို

ခင်ဗျား ဆွဲကိုင်ထားတယ်

ဒီစကားလုံးအရိုင်းကိုထိန်းချုပ်ဖို့ကြိုးစားရင်း

မအောင်မြင်ဘူးဆိုရင်

ကွန်​ပျူတာ တစ်လုံးပျက်သလို

ခင်ဗျားအလုပ်လုပ်တာရပ်သွားမယ်။

(၂)

ဒီဇယ်အင်ဂျင်နဲ့ဓာတ်အားပေးထားတဲ့

လက်ပတော့နောက်ကွယ်မဖျာ

တစုံတယောက်ရှိနေခဲ့တယ်၊ ဗိုင်းရပ်စ်ရေးတဲ့

တစုံတယောက်ပေါ့၊

ဝက်ဘ်ဆိုက်လိပ်စာတွေလိုက်ရှာပြီး

ခင်ဗျားရဲ့ဝက်ဘ်ဆိုက်ကိုချိတ်ဆက်လာမယ့်

အမည်မသိအီးမေးလ်တစ်စောင်ပို့ခဲ့လိမ့်မယ်

ဗိုင်းရပ်ကိုက်ခဲ့ပြီပေါ့

“ကျမ က အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါကပါ

အသက်က ၂၃နှစ်၊ဒီ link ကိုလိုက်လာပြီး

ကျမကိုပျော်ရွှင်မှုပေးမယ့်

တစ်ယောက်ယောက်ကိုရှာနေတာပါ”

မေးလ်ကိုဖွင့်ပြီး၊

တစုံတယောက်ကိုပျော်ရွှင်မှုပေးမလား

ပထမ ၊ပရိုဂရမ်တွေရပ်သွားမယ်

လုံခြုံရေးစည်းကိုကျော်ဖြတ်ပြီး

ရိုက်မယ် ၉၇၊၉၈၊၉၉…

စိတ်​ကူးယဉ်​ အချစ်ဇတ်လမ်းရဲ့သေဆုံးမှုဆီ

ချဉ်းကပ်လာတဲ့ သုညနဲ့တစ်။

ဗိုင်းရပ်စ်ရေးသူဟာ

ဘီယာပုလင်းတစ်ဝက်ကိုတစ်ကျိုက်တည်းမော့လိုက်တယ်

ပြီးတော့၊ကွန်ပျူတာရဲ့နာရေးတွေ

ပထမဆုံးပါရီအရှေ့ခြမ်းကအိမ်တစ်အိမ်

နောက်သုံးမိနစ်ကြာတော့ ဩစတေးလျား

လူတစ်ယောက် ရုံးဆင်းဖို့နောက်ဆုံးမိနစ်တွေကို

စောင့်နေတယ်

အိမ်ပြန်ဖို့လိုပြီ

နောက်နာရီဝက်ဆိုရင်ပါတီပွဲစပြီ

နောက်မိနစ်နည်းနည်းကြာတော့ ဖိလစ်ပိုင်

Chat Roomထဲမှာ တစ်ပတ်ရစ်ကိုယ်ခန္ဓာကို

လှစ်ပြနေတဲ့၁၉နှစ်သမီး

တပြိုင်တည်းလိုလို အီဂျစ်မှာရောပေါ့

နောက်တစ်နေ့မနက်ကျတော့ ကဘူးလ်။

(၃)

မင်း၊ ပြီးတော့မင်း၊မင်းရောပဲ

ဟုတ်တယ်၊မင်းရယ်၊မင်းရောအတူတူပဲ

မင်းတိုအားလုံးကိုဖမ်းလိုက်ပြီ။

(၄)

သူတို့ကျနော့်ကိုရေးနေတာရပ်ဖို့ပြောတယ်

မင်းရေးရင် ၊ဂွာတာနာမို မှာအိမ်လုပ်နေရမယ်

မင်းရေးရင်၊မင်းကိုငါတို့သတ်ပစ်မယ်

၂၀၀၇နွေရာသီ၊ကဘူးလ်မှာပေါ့

လက်တွေကိုလက်ထိပ်ခတ်တယ်၊

ခြေထောက်တွေကိုကြိုးနဲ့ချည်တယ်

ဒါ အာဖဂန်နစ္စတန် ၊ဒီမှာဒီလိုတွေဖြစ်နေတယ်

အလောင်းတွေပေါ်အလောင်းတွေထပ်နေတယ်

ကဗျာမှာရွေးချယ်စရာမရှိတော့ဘူး

သူကိုသူရေးတာရပ်လိုက်ရတယ်

ဒါအကျဉ်းထောင်ပဲ။

(၅)

ကဘူးလ်က စာကလေးတစ်ကောင်ကိုသူတို့မေးတယ်

လူသားရဲ့ ပြစ်မှုတွေဘယ်လောက်တောင်လဲ

စာကလေးစဉ်းစားတယ်၊ပြီးတော့သေသွားတယ်။

VIRUS WRITING by Kamran Mir Hazar Translated from English Version into Myanmar(Burmese) Translated by Myo Tayzar Maung

Leave a Reply

Your email address will not be published. Required fields are marked *