ဗိုင်းရပ်စ် ရေးသားခြင်း

ကမ်ရမ် မီယာ ဟာဇာ ( ဟာဇရစ္စတန်/နော်ဝေ) (၁) အာဖဂန်မြို့တော် ကဘူးလ် က တစ်လ ခုနှစ်ထောင်နဲ့ငှါးထားတဲ့အိမ်တစ်လုံး အမှောင်ချထားပြီး၊ကွန်ပျူတာလည်းမရှိဘဲ လျှပ်စီး ဝင်္ကပါနဲ့ ဗိုင်းရပ်စ်ရေးသားတယ်ဆိုရင် ဒါ ဘယ်လိုရူးကြောင်ကြောင်ကဗျာလဲ။ ခင်ဗျားကိုခင်ဗျားမေးကြည့် ကဗျာဆိုတာ လျှပ်စစ်စင်္ကြန်မှာလှည့်လည်သွား လာနေပြီး သူတို့ရဲ့ဖြစ်တည်မှုကနေဖြတ်တော က် တခြားရွေးချယ်စရာမရှိ ကဗျာတစ်ပုဒ်ဖြစ်ဖို့ပစ်ချခံလိုက်ရတဲ့ တူညီတဲ့အထီးကျန်စကားလုံးတွေလား။ စိတ်ကူးစိတ်သန်းတွေ လမ်းတွေကိုဖြတ် လမ်းတွေပေါ် လျှောက်သွားနေတာ ခင်ဗျားစောင့်ကြည့်နေမယ် အခြားစကားလုံးတစ်လုံးရဲ့လည်ပတ်ကြိုးကို ခင်ဗျား ဆွဲကိုင်ထားတယ် ဒီစကားလုံးအရိုင်းကိုထိန်းချုပ်ဖို့ကြိုးစားရင်း မအောင်မြင်ဘူးဆိုရင် ကွန်​ပျူတာ တစ်လုံးပျက်သလို ခင်ဗျားအလုပ်လုပ်တာရပ်သွားမယ်။ (၂) ဒီဇယ်အင်ဂျင်နဲ့ဓာတ်အားပေးထားတဲ့ လက်ပတော့နောက်ကွယ်မဖျာ တစုံတယောက်ရှိနေခဲ့တယ်၊ ဗိုင်းရပ်စ်ရေးတဲ့ တစုံတယောက်ပေါ့၊ ဝက်ဘ်ဆိုက်လိပ်စာတွေလိုက်ရှာပြီး ခင်ဗျားရဲ့ဝက်ဘ်ဆိုက်ကိုချိတ်ဆက်လာမယ့် အမည်မသိအီးမေးလ်တစ်စောင်ပို့ခဲ့လိမ့်မယ် ဗိုင်းရပ်ကိုက်ခဲ့ပြီပေါ့ “ကျမ က အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါကပါ အသက်က ၂၃နှစ်၊ဒီ link […]